အမှာစာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်သော “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြင့်တင် ဆောင်ရွက်ရေး” ဦးတည်ချက်ကို ဖော်ဆောင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး ရောဂါဘယ ကင်းရှင်းရေးနှင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ကျေးလက်ဒေသအဆင့်ထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း စသော ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ကျေးလက်ဒေသအဆင့်ထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ထိုဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု၊ အရည်အသွေးနှင့် ကျန်းမာရေးအသိပညာများကို မြှင့်တင်ပေးရန်မှာလည်း အရေးကြီးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်
- အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ အရည်အသွေးနှင့် ကျန်းမာရေးအသိပညာများ မြင့်မား စေရန်၊
- Up-to-date knowledge and practices များ စဉ်ဆက်မပြတ်ရရှိနိုင်ရန်
- ကျန်းမာရေးဝန်ထမ်းများအကြား အသိပညာနှင့် ဗဟုသုတများ ဖလှယ်၍ ကျန်းမာရေးစောင့်ရှောက်မှု အလေ့အထ ကောင်းများ လွယ်ကူစွာ ပြန့်ပွားနိုင်စေရန်
- ကျွမ်းကျင်ပညာရှင်များနှင့် ဌာနခွဲများမှ ပို့ချသော အထောက်အကူပြုသင်တန်းများကို online မှတစ်ဆင့် လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်စေရန်