ဒေါက်တာအေးမြမြကျော်
ဒုတိယညွှန်ကြားရေးမှူး
အာဟာရဌာနခွဲ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန
အာဟာရပြည့်ဝမျှတခြင်းသည် လူသားများ၏ ရောဂါဘယကင်းရှင်းရေး၊ ကျန်းမာ အသက်ရှည်နိုင်ရေးတို့အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ သို့ပါ၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အာဟာရချို့တဲ့မှုများကို စောစီးစွာ ရှာဖွေဖော်ထုတ် ကုသပေးနိုင်ရန် အလွန် အရေးကြီးပါသည်။ လတ်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းသင်တန်းသည် လတ်တလောအာဟာရချို့တဲ့သော ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များကို ရှာဖွေဖော်ထုတ်၍ လိုအပ်သော အာဟာရစောင့်ရှောက်မှုများ အချိန်မီ ရရှိစေရန် ရည်ရွယ်ပါသည်။ ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် အာဟာရချို့တဲ့နေသော ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များကို ရှာဖွေဖော်ထုတ်ခြင်း၊ လိုအပ်သော ကုသမှုများပေးခြင်း၊ အာဟာရပညာပေးခြင်း၊နှစ်သိမ့်ဆွေးနွေးခြင်း၊ ဆေးဝါးလိုအပ်ချက် များတွက်ချက်ခန့်မှန်းခြင်း၊ အစီရင်ခံစာပေးပို့ခြင်း စသည်တို့ကို လေ့လာသင်ယူနိုင် မည်ဖြစ်သည်။
ဒုတိယညွှန်ကြားရေးမှူး
အာဟာရဌာနခွဲ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန